ဇနီးဖြစ်သူကိုယောင်္ကျားမှဒါးဖြင့်ခုတ်သတ်မှုဖြစ်
🎈နုတ်မစောင့်သောလိပ်ကဲ့သို့ အဖြစ်မျိုးနဲ့ကြုံရပြန်. .
ဇနီးဖြစ်သူကိုယောင်္ကျားမှဒါးဖြင့်ခုတ်သတ်မှုဖြစ်
==================================
အမှုမှာ ၁၇ - ၁၁ - ၂၀၁၆ ရက်နေ့ ၂း၃၀ ချိန်ဖြူးမြို့ င်္ံမရဲစခန်း၏အနောက်တောင်ဘက်(၃)မိုင်ခန့်အကွာရှိပိန္နဲခုံကျေးရွာ၌ထိုနေ့မနက်ကတောင်ပေါ်သို့ထင်းခုတ်ထွက်သွားသောလင်ယောက်ကျားဖြစ်သူ(တရားခံ)မင်းမင်းစိုး(၂၅)နှစ်ကျဘမ်းလုပ်ပိန္နဲခုံကျေးရွာခင်တန်းကြီးကျေးရွာအုပ်စုဖြူးမြို့နယ်နေသူသည်တောင်ပေါ်မှနေအိမ်သို့ပြန်ရောက်ချိန်၌ဇနီးဖြစ်သူမှာလင်ယောက်ကျားကိုဂရုမစိုက်ဘဲဖုန်းပြောနေသည်...
လင်ယောင်္ကျားပြန်လာတဲ့အချိန် ပင်ပင်ပန်းပန်းအလုပ်ကအပြန်
မယားဖြစ်သူ၏ပြောဆိုဆက်ဆံမှုတို့သည်..
အားမဖြစ်စေပဲ...ဓား...ဖြစ်လေရောသည်..
လင်ဖြစ်သူကမယားဖြစ်သူအားဘယ်သူနင့်ဖုန်းပြောနေလဲ
ငါထက်ပဲအရေးကြီးနေလား..ထမင်းဟင်းစားစရာလုပ်ပေးရကောင်းမှန်းမသိ...ထိုအချိန်မှာမယားဖြစ်သူက..
တောက်တီးတောက်တဲ့စကားတွေပြန်လှန်ပြောရင်းဆည်းစာများပါလာခဲ့သည်...ထိုအပြင်..
်နင့်ကိုမပေါင်းနိုင်ဘူးကွာမယ်ဟုပြောသဖြင့်ဒေါသမထိန်းနိုင်ဘဲထင်းခုတ်ရာတွင်အသုံးပြုသောဓါးမဖြင့်အိမ်နောက်ဖေးခြံစည်းရိုးအနီး၌အရိုးအသွား(၁၈)လက်မခန့်ရှိဒါးဖြင့်ခုတ်ခဲ့သောကြောင့်ဇနီးဖြစ်သူအေးအေးအောင်(၂၄)နှစ်တွင်ဝဲရင်ညွန့်ပြတ်ရှဒဏ်ရာ(၁)ချက်လည်ဂုတ်ပြတ်ရှဒဏ်ရာ(၁)ချက်ယာနားထင်နားရွက်အလယ်ပြတ်ရှဒဏ်ရာ(၁)ချက်ဝဲမျက်လုံးအောက်ပြတ်ရှဒဏ်ရာ(၁)ချက်ရရှိကာအဆိုပါနေရာ၌ပင်သေဆုံးခဲ့ပါသည်။
အမှုဖြစ်စဉ်အားလေ့လာကြည့်ရာတွင်တောင်ပေါ် သို့ထင်းခွေသွားရာမှမောမောပန်းပန်းနှင့်ပြန်လာသောလင်ယောက်ကျားဖြစ်သူကိုဂရုမစိုက်ပဲဖုန်းပြောနေသည့်အပြင်ကွာရှင်းမည်ဟုပြောဆိုနေသဖြင့်ရုတ်တရက်ဖြစ်ပေါ်လာသောဒေါသစိတ်ကိုထိန်းချုပ်နိုင်ခြင်းမရှိပဲပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းသုံးသပ်ရရှိပါသည်။
မှုခင်းဖြစ်စဉ်သတင်းကိုရရှိလျှင်ရရှိခြင်းဖြူးမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးစံဝေ၏အနီးကပ်ကြီးကြပ်မှုဖြင့်ဖြူးမြို့မရဲစခန်းမှူးဒုရဲမှူးစံလှနှင့်တပ်ဖွဲ့ဝင်များမှအခင်းဖြစ်အရပ်သို့အချိန်နှင့်တစ်ပြေးညီသွားရောက်ခဲ့ပြီးပြစ်မှုကျူးလွန်သူကိုသက်သေခံ
ပစ္စည်းနှင့်အတူကောင်းမွန်စွာအဖမ်းခံခဲ့ပြီးရဲလုပ်ငန်းပိုင်းဆိုင်ရာများကိုဆက်လက်ဆောင်ရွက်ပါဟုပြောဆိုလျက်အဖမ်းခံခဲ့
ပါသည်။
ဒီတော့....မယားလုပ်သူတိုင်းကိုယ့်လင်ယောင်္ကျား
အလုပ်ကမောမောပန်းပန်းနဲ့ပြန်လာခဲ့တဲ့အချိန်လေးတော့
ရေအေးအေးလေးတိုက်သလိုစကားကိုချိုသာစွာပြောဆိုကြပါ
မတတ်သာလို့ ဆင်းဆင်းရဲရဲထားရတာပါ
ဘယ်လင်ယောင်္ကျားမဆို ကိုယ်ချစ်လို့ယူထားတဲ့မယားသားကို
ဘယ်သူကငတ်ပြတ်ပြီးထားချင်မလဲ..
ဘဝကံမကောင်းလို့အတူတူနေပြီးဆင်းရဲစွာနေရမှ...
နှင့်ကိုယူလို့ဆင်းရဲတယ်ဆိုတဲ့ မိန်းမတွေရဲ့စကား
အမြဲသုံးလေ့ရှိပါတယ်..
ဆင်းရဲဓံကိုမခံနိုင်တော့..နင်မကောင်းလို့ဆိုတဲ့စကားမျိုး
မပြောပါနဲ့...
မိန်းမသားတွေအမြဲပြောတတ်တဲ့စကားကတော့
နင်အပုံမကျလို့ဆင်းရဲတယ်..အစကတည်းကမသိဘူးလား..
ဒီသာဓကဖြစ်ရပ်မှန်လေးကိုကြည့်ခြင်းအားဖြင့်
မယားလုပ်သူများ...ကာလ.ဒေသ.လေးတော့ကြည့်ပြီးပြောကြပါ..ပြောနဲ့နေရာ..ပြောရမဲ့အချိန်..ဒါလေးတော့နုတ်စောင့်ထိန်းကြပါ...အခုဆိုရင်...ပြောတဲ့သူကပြော..ပြောပြီးသေသွားပြီ..
စိတ်မထိန်းနိုင်လို့လုပ်လိုက်တဲ့သူရော့...ဥပဒေကချမ်းသာ
မပေးဘူး...
မိန်းမ.ဇနီး.မယားဖြစ်နေသူများ.
အထူးသတိထားပြီးလင်သာအပေါ်ပြောဆိုဆက်ဆံကြပါ..
တကယ်တော့ ...ဆိုးတဲ့လင်ယောင်္ကျားရှိသလို
ကောင်းကောင်းမွန်းမွန်လုပ်ကျွေးနေသောလင်ယောင်္ကျားများလည်းရှိ၏....
ထိုနည်းတူစွာ...အပြန်အလှန်ပြန်ကြည့်ပေါ့..
တဖက်တည်းကိုကောင်းတယ်လို့လည်းမဆိုလိုပါဘူး..
ဥပဒေဘောင်အတွင်းနေထိုင်ခြင်းဘေးကင်းရန်ကွာ
လွန်ချမ်းသာ။
အားလုံးကျန်းမာချမ်းသာကြပါစေ။
..သတိနဲ့ယှဉ်ကြည့် အသိရှိနိုင်ကြပါစေ...
Crd

No comments: