တင်ခွင့်ပြုပါခင်ဗျ မတရားခံနေရလို့ပါ
adminတင်ခွင့်ပြုပါခင်ဗျ မတရားခံနေရလို့ပါ ။ ကျွန်တော်မောင်ကျော်စွာဦး၏ ဇနီးဖြစ်သူ မမွန်မွန်လွင်ဦးခေါ် ဝိုင်းပုအား ယခင်အ မှတ် (8) ရဲတပ်ရင်းအင်အါး အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ယ္ခုနေပြည်တော်ဘူတာကြီးမြန်မာ့မီးရထား ရဲဋ္ဌာနတပ်ခွဲ ၃ တွင်တာဝန်ထမ်းဆောင်နေသူ ရဲတပ်သားကောင်းမြတ်လ မှ ၁၅.၁.၂၀၁၆ ရက်နေ့တွင်ပ ထမတစ်ကြိမ်ခိုးယူသွားသည်။
ကျွန်တော့်တွင်ကျန်ရစ်ခဲ့သော ကလေးမျက်နှာကိုထောက်ထား၍ နေပြည်တော်ပုပ္ဗသီရိမြန်မာ့မီးရထားပြည့်သူ့ ရဲတပ်ဖွဲ့ရုံးချုပ်တွင် ၂၂.၁.၂၀၁၆ ရက်နေ့က သွားရောက်ခေါ်ယူ၍ ယခင်အတိုင်းပြန်လည် ပေါင်းသင်းခဲ့ပါသည် ။
ယ္ခူတစ်ခါ ၂.၇.၂၀၁၆ရက်နေ့၌ ၎င်းရဲတပ်သားကောင်းမြတ်ကိုတိုင်ကျွန်တော် နေထိုင်ရာ မင်္ဂလာဒုံမြို့နယ်ဝါယာလတ်တိုးချဲ့ (1) လမ်းအိမ်ရှေ့သို့ လာ၍ကျွန်တော်မရှိခိုက် မူးယစ်ရမ်းကား၍ ကျွန်တော်၏ဇနီးဖြစ်သူအါး ဒုတယတစ်ကြိမ်ပြန်လည်ခိုးယူသွားပါသည် ။
၎င်းဖြစ်စဉ်နှင်ပါတ်သတ်၍ ကျွန်တော်နေထိုင်ရာ အပိုင်မင်္ဂလာဒုံရဲစခန်းသို့ သွားရောက်အမှုဖွသ့် တိုင်ကြားရာတွင်၎င်းးကောင်းမြတ်ဆိုသူနှင့် ကျွန်တော်၏ဇနီးဖြစ်သူတို မည်သည့်နေရာတွင် အတူပေါင်သင်းနေထိုင်သည်ကို ကျွန်တော်တို့ဘက်မှ သက်သေမပြနိုင်၍ တစ်ကြောင်း ပြည်သူ့ရဲတပ်ဖွဲ့ဝင်တစ် ယောက်ဖြစ်နေ၍တစ်ကြောင်းဟု အကြောင်းပြကာနှစ်ကြိမ်တိုင်တိုင်သွားရောက် တိုင်ကြားခဲ့သော်လဲမင်္ဂလာဒုံရဲစခန်းမှအမှုဖွင့်အရေးယူပေးခြင်းမရှိခဲ့ပါ။
၎င်းကောင်းမြတ်ဆိုသူနှင်လိုက်သွားသည်ကိုလဲ ကျွန်တော်တို့တစ်လမ်းလုံး သိကြပါသည် ။ ထို့ကြောင့် ရဲချုပ်ကြီးသိစေရန် မိတ်ဆွေများမှ အမြန်ဆုံး share ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည် ။
ပြည်သူ့ရဲတပ်ဖွဲ့ကိုလဲ မသိ၍မေးခွန်းနှစ်ခု မေးချင်ပါသည်
၁.မျိုးစောင့်ဥပဒေဆိုသည်မှာ ယောကျာင်္းဖေါက်ပြန်မှ အရေးယူလို့ရတာလား မိန်းမဖေါက်ပြန်လျှင်အရေးယူ၍မရနိုင်ဘူးလား
၂.ပြည်သူ့ရဲတပ်ဖွဲ့ဝင်ဆိုလျှင် သူတစ်ပါးသားမယားကို တရားဝင်စော်ကားခွင့်ရှိပါသလားခင်ဗျား
ှSource : goo.gl/zmBozN


No comments: