တက္ကစီသမားနှင့် ခိုက်ရန်ဖြစ်သည့် အဆိုတော် ထူးအယ်လ်လင်းကို ရဲက တရားစွဲ
အရက်သေစာသောက်စားမူးယစ်ပြီး ဆူပူရမ်းကားသူအဆိုတော်နှစ်ဦး တို့ စီးနင်းမောင်းနှင်သော မော်တော်ယာဉ်ပေါ်မှ ရဲဒင်းလက်နက်တွေ့ရှိ သဖြင့် ဒဂုံမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူမည်ဟု သိရသည်။
ဇွန်လ ၂၂ ရက်နေ့ ည ၉ နာရီ အချိန်တွင် လူမှုကွန်ရက်အင်တာနက် စာမျက်နှာပေါ်၌ “ အဆိုတော်တွေတဲ့၊ ကြည့်ကော င်းအောင်လုပ်ကြပါဦး၊ ဦးဝိစာရလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်မှာ အဆိုတော် ထူးအယ်လင်း နှင့်ကော်ဘရာတို့ သော င်းကျန်းကြတယ်၊ ဖြစ်တာက taxi နှင့်ကားချင်း ညိပြီး taxi ရှေ့ကားပိတ်ရပ် ကားပေါ် က taxi သမားက မဆင်းတော့ ထူးအယ်လင်းက ပုဆိန်နဲ့ မှန်ကိုခွဲတယ်။
(ကိုယ်တိုင်တော့မတွေ့ဘူး တွေ့တဲ့သူ ကပြောတာ) ကားသမားဆင်းလာတော့ ကော်ဘရာက အေးဆေးပြောတုန်း ထူးအယ်လင်းက၀င်းထိုးတယ်။ ကားပေါ်မှာ ပါလာတဲ့ကောင်မလေးက ဆင်းပြီး ထိုင်ကန်တော့ တောင်းပန်တာကိုပါ ထူးအယ်လင်းက ထိုးလိုက်တယ်။
ဘေးနားကကြည့်နေတဲ့ ရပ်ကွက်က လူတွေတောင် ဒေါသထွက်ပြီး ထူးအယ်လင်းတို့ကားကို ခဲနဲ့ဝိုင်းထု လူကိုပါထိုးမ လို့လုပ်ကြတာ ရပ်ကွက်ကလူကြီးတွေတားနေလို့သက် သာယာရသွားတယ်။ အဲဒါတောင် ထူးအယ်လင်းက ပတ်ဆဲနေေ သးတယ်။ ရဲတွေရောက်လာတော့ သူတို့ကို ရဲကားနဲ့ခေါ်သွားတယ်။ဘေးမှာ ကြည့်နေ တဲ့လူတွေအကုန်လုံး ထူးအယ် လင်း ရဲကားထဲဝင်တော့ လက်ခုတ်ဝိုင်းတီး ပြီး ဥပဒေအတိုင်းဖြစ်ပါ စေလို့ ၀ိုင်းအော်ကြတယ်။
ဒီလောက်ရပ်ကွက် ရှေ့ သောင်းကျန်းရမ်းကားသွားတဲ့ သူတွေကို ဘာနဲ့အရေးယူမှာလဲ ရပ်ကွက်ကစောင့်ကြည့်ေ မးပါ တယ်။ ခုည ၉ နာရီခွဲလောက်မှာဖြစ်သွား တာ။ဒဂုံမြို့နယ်ရဲစခန်းမှာ ထူးအယ်လင်းရော၊ ကော်ဘရာရောရှိနေမှာပါ သ တင်းသမားတွေအတွက် ရဲစခန်းကို ဖုန်းဆက်လို့ရပါတယ်။ အမှန်တရား အတိုင်းဖြစ်ကြပါစေ” စသည့်ဖြင့် ရေးသားေ ဖ်ာပြလာခဲ့သည်ကို တွေ့ရှိ ရပါသည်။၎င်းသတင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးတွင် ဖွင့်လှစ်ထားသော 199 Call Center မှ ဒဂုံမြို့မရဲ စခန်းသို့ သတင်းချပြခဲ့ပြီး ရှင်းလင်းဆောင်ရွက်စေခဲ့ရာ ယင်းနေ့ ည ၉နာရီ ၂၀ မိနစ်ခန့်အချိန်တွင် ဒဂုံမြို့မရဲစခန်းမှ လှ ည့်ကင်းမီတန်းယာဉ်တာဝန်ကျ ရဲအုပ် ပီတာအောင်ပါ တပ်ဖွဲ့ဝင်များက သတင်းပါနေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေး ခဲ့ရာ တက္ကစီအငှားယာဉ်ကို မတွေ့ရှိရဘဲ ယာဉ်အမှတ် 4C—- SOLUNA VIOS ငွေမင်ရောင်ကားနှင့်အတူ အရက်ေ သစာသောက်စားကာဆူပူ ရမ်းကားနေသူ စိုးလှိုင်ရှိန်(ခ)ထူးအယ်လင်း၊ (၄၈)နှစ်နှင့် နေလင်သင်း (ခ)ကော်ဘရာ၊ (၃၅ )နှစ်တို့နှစ်ဦးတွေ့ရှိရသဖြင့် ၎င်းတို့ စီးနင်းအသုံးပြု သော 4C—- SOLUNA VIOS ငွေမင်ရောင်မော်တော်ယာဉ်အား စစ်ဆေးရာ ယာဉ်၏ရှေ့ခန်း ထိုင်ခုံနှစ်ခုကြား၌ ရွှေအိုရောင် လက်ကိုင်ရိုး တွင် အနက်ရောင်ရာဘာရိုးစွပ်လျက် အရိုး အသွား ၁၉ လက်မခန့်ရှိ ရဲဒင်း တစ်လက်အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့နှစ်ဦးအားထိန်းသိမ်း ကာ ဒဂုံမြို့ မရဲစခန်းသို့ ခေါ်ယူစစ်မေးခဲ့ပြီး ဒဂုံမြို့မရဲစခန်း(ပ)၁၀၃/၂၀၁၇၊ ရန်ကုန်ရဲအက်ဥပဒေပုဒ်မ ၃၀ (က)ဖြင့် အမှုဖွင့်အေ ရးယူဆောင်ရွက်ခဲ့ ပါသည်။
ပြစ်မှုကျူးလွန်သူနှစ်ဦးအား အရေးယူထားသည့် ရန်ကုန်ရဲအက်ဥပဒေ ပုဒ်မ-၃၀၊ ပိုဒ်ခွဲ(က)ပါ ပြဌာန်းချက်မှာ- ဘေးအန္တ ရာယ်ဖြစ်စေနိုင်သော (သို့မဟုတ်)ပြစ်မှုကျူးလွန်ရန်အသုံးပြုနိုင်သော လက်နက်တစ်စုံတစ်ရာ နှင့်တွေ့ရှိ၍ မေးမြန်းရာ တွင် ထိုသို့သော လက်နက်တို့ကိုမည်သည့် အကြောင်းကြောင့် ကိုင်ဆောင်သယ်ယူ လာရကြောင်း ကျေနပ်လက်ခံ နိုင်ေ လာက်သော အကြောင်းမပြ၊ မပြောနိုင်သူဟု ပြဌာန်းထားပြီး မည်သည့်ရဲ အရာရှိကမဆို ၀ရမ်းမပါဘဲဖမ်းဆီးနိုင်ကာ ပြစ်ဒဏ် (၃)လ အထိချမှတ်နိုင်ပါသည်။
အဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့သည့် Taxi အငှားယာဉ်မှာ အခင်းဖြစ်နေရာတွင်မ တွေ့ရှိရဘဲ ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ရဲစခန်း သို့ တိုင်ကြားခဲ့ခြင်းမရှိသေး သော်လည်း ရဲတပ်ဖွဲ့အနေဖြင့် ရမ်းကားသူအဆိုတော်နှစ်ဦးအား ဒဂုံမြို့မရဲစခန်းတွင်အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း အသိပေးဖော်ပြအပ်ပါသည်။
Yangon Police
Source : goo.gl/C3J3A7
Source : goo.gl/C3J3A7
———————————


No comments: